
သမိုင်းကြောင်း နယ်ပယ်
Myanmar Finance International Limited(MFIL) ကို ပြည်တွင်းဘဏ် Myanmar Finance Company Limited နှင့် စင်ကာပူအခြေစိုက် Myanmar Investments Limited တို့က ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် တည်ထောင်ခဲ့သည်။ Myanmar Finance International Limited(MFIL) သည် ၂၀၁၂ ခုနှစ်မှစ၍ ရန်ကုန်နှင့်ပဲခူးတိုင်းဒေသကြီး၏ ကျေးလက်နှင့်မြို့ပြဒေသများသို့ အသေးစားငွေရေးကြေးရေး ဝန်ဆောင်မှုများပေးလျှက်ရှိပါသည်။ Myanmar Investment Limited သည် စင်ကာပူအခြေစိုက်ကုမ္ပဏီဖြစ်ပြီး London Stock Exchange ၏ AIM ဈေးကွက်တွင်စာရင်းဝင်သည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် Norfund(ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်နော်ဝေရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ) သည် MFIL တွင်ရှယ်ယာဝင်ဖြစ်လာပြီး အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ နှင့် ဆက်နွယ်ခဲ့သည်။

စီမံခန့်ခွဲခြင်း နယ်ပယ်
Myanmar Finance International Limited(MFIL) သည် အဓိကအားဖြင့် ရန်ကုန်နှင့်ပဲခူးတိုင်းဒေသကြီးတို့တွင် လုပ်ကိုင်ပြီးဆင်းရဲနွမ်းပါးသောမိသားစုများ၏ စီးပွားရေးလုပ်ငန်းများ နှင့် လူနေမှုအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထားလုပ်ဆောင်သည်။ ထို့အပြင် စီးပွားရေးကို လက်လှမ်းမှီနိုင်သလောက် တိုးချဲ့နိုင်ရန် မည်သည့် အာမခံအပေါင်ပစ္စည်းမှ ပေးစရာမလိုဘဲ ချေးငွေများအား ထုတ်ချေးနိုင်ရန် လုပ်ဆောင်ပေးနေပါသည်။ ၂၀၁၆ ခုနှစ်မတ်လတွင် MFIL သည် ရန်ကုန်နှင့်ပဲခူးတိုင်းတို့တွင် စီးပွားရေးလုပ်ကိုင်နေသော ငွေချေးသူ ၃၀,၀၀၀ ကျော် နှင့် ရုံးခွဲ ၆ ခုဖွင့်လှစ်ထားပါသည်။ MFIL တွင် ဝန်ထမ်း ၁၅၀ ကျော်ရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် နောက်ထပ်ရုံးခွဲအနည်းငယ်ဖွင့်လှစ်ရန် စီစဉ်နေပါသည်။ MFIL ၏အဓိကစီးပွားရေးလုပ်ငန်းမှာ အသေးစားငွေရေးကြေးရေးဝန်ဆောင်မှုများပေးခြင်း နှင့် စုငွေများကိုစုဆောင်းနိုင်ရန် ဝန်ဆောင်မှုများပေးခြင်းဖြစ်ပါသည်။